Latest Version (Download)

Table of Contents


Information

Packagemm.com.mptvas.lotayamm
Version1.0.1
Date Updated2017-03-08
Size1.21 MB
Installs2.2K+
Categories,

Screenshots


Description

သင်လိုအပ်သမျှအရာအားလုံးကို တစ်နေရာထဲတွင်ရရှိစေမည့် MPT ၏လိုတရ ဝဘ်ဆိုဒ်… လိုတရ တွင် သင်၏ နေ့စဉ်ဘဝကို အကျိုးရှိစေရန်ရည်ရွယ်ထားသော ကဏ္ဍမျိုးစုံပါဝင်သည်။ လိုတရသည် MPT မှ ဝဘ်ဆိုက်တစ်ခုဖြစ်ပြီး သင့်အတွက် လိုအပ်သော သတင်းအချက်လက်နဲ့ ဖျော်ဖြေရေး ကဏ္ဍများကို စုံလင်စွာတင်ဆက်ထားဖြင်းဖြစ်သည် - ရှာဖွေခြင်း (ရှာဖွေရေးကဏ္ဍ ၃ မျိုးပါဝင်သည်) • ဝဘ်ဆိုဒ် ရှာဖွေခြင်းကဏ္ဍ တွင် သင်လိုအပ်သမျှကို ရှာဖွေနိုင်မည်ဖြစ်သည် • ခေါ်သူနားဆင်တေးသံစဉ် ရှာဖွေခြင်းကဏ္ဍ တွင် သင်ဝယ်ယူလိုသော MPT တွင်ဝယ်ယူရရှိနိုင်မည် CRBT သီချင်းများကို ရှာဖွေနိုင်မည်ဖြစ်သည် • သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးရှာဖွေခြင်းကဏ္ဍတွင် သင် Subscribe လုပ်လိုသော Infotainment ဝန်ဆောင်မှုများကို ရှာဖွေနိုင်မည်ဖြစ်သည် - မိုးလေဝသ ခန့်မှန်းချက်များ • သင်၏ ယခုရောက်ရှိနေသော နေရာ နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့ကြီးများ၏ မိုးလေဝသ ခန့်မှန်းချက်များကိုကြည့်ရှုနိုင်မည်ဖြစ်သည် - ငွေကြေးလဲလှယ်နှုန်း • အချိန်နဲ့တစ်ပြေးညီဖြစ်ပေါ် နေသော နိုင်ငံတကာ ငွေကြေးပေါက်ဈေး ၃၈ မျိုးကို ကြည့်ရှု နိုင်မည်ဖြစ်သည် • မိမိ ကြည့်ရှုလိုသော နိုင်ငံခြားငွေပေါက်ဈေး နဲ့ ညီမျှသော မြန်မာငွေပမာဏ ကို၎င်း နိုင်ငံခြားငွေ အခြင်းခြင်း ညီမျှသော ပမာဏကိုလည်းကောင်း ပြောင်းလဲကြည့်ရှု နိုင်မည်ဖြစ်သည် - ကူပွန် • စားသောက်ဆိုင်နဲ့ Spa များအပါအဝင် ကုမ္ဗဏီများမှ အထူးလျှော့ဈေးများနဲ့ လက်ဆောင်များ စသော အထူးခံစားခွင့်အမျိုးမျိုးပါဝင်သော ဈေးဝယ်ကူပွန်များ အခမဲ့ရရှိနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူအားလုံး (CDMA အသုံးပြုသူများမှလွဲ၍) အသုံးပြုနိုင်မည်ဖြစ်သည် - လိုတရ ကံစမ်းမဲ • လိုတရကံစမ်းမဲကို နေ့စဉ် ဝင်ရောက်ကံစမ်းနိုင်မည်ဖြစ်ပြီး ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဘောနပ်စ် ငွေဖြည့်ကဒ်များအခမဲ့ ရရှိနိုင်မည်ဖြစ်သည် - ဝတ္ထုများ • ကြိုက်နှစ်သက်ရာ သုတ ရသ စာပေများကို အခမဲ့ ရွေးချယ် ဖတ်ရှုနိုင်မည်ဖြစ်သည် - ပဟေဠိ • သင့်အားလပ်ချိန်အား ဗဟုသုတများကို အသုံးချပြီး အကျိုးရှိစွာ ကုန်ဆုံးစေနိုင်မည့် Crossword ပဟေဠိဂိမ်း ကိုကစားနိုင်မည်ဖြစ်သည် - နောက်ဆုံးရသတင်းများ • နောက်ဆုံးရ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ အားကစားသတင်းများ၊ ဖျော်ဖြေရေးသတင်းများ နဲ့အခြားသောကဏ္ဍမျိုးစုံတို့ကို အခမဲ့ဖတ်ရှုနိုင်မည်ဖြစ်သည် - MPT ၏ အောက်ပါ ဝန်ဆောင်မှုများကိုလဲရယူနိုင်မည်ဖြစ်သည် • ခေါ်သူနားဆင်တေးသံစဉ် (တစ်ဖက်ဖုန်းအား ခေါ်ဆိုစောင့်ဆိုင်းနေစဉ်နားဆင်နိုင်သော တေးသီချင်းများကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်) • သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး (ပဲဈေး နှမ်းဈေး ဗေဒင် နေ့စဉ်သတင်းများအစရှိသော SMS Subscription ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်) • အင်တာနက် ပက်ကေခ်ျ့များ (လစဉ်သုံး အင်တာနက်များနဲ့ ညသုံးအင်တာနက် Package များကို ဝယ်ယူနိုင်မည်ဖြစ်သည်) • မိမိ၏ အကောင့် (လက်ကျန်ငွေစစ်ခြင်း၊ မိမိဖုန်းနံပါတ်ကြည့်ရှုခြင်း၊ ဖုန်း Bill Transfer လုပ်ခြင်း၊ Call Me Back စသဖြင့်မိမိ MPT SIM card ၏ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်) • MPT Application (MPT ၏ Official Mobile Application ကို Android နဲ့ iOS ဖုန်းများအတွက် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်) • MPT သို့ဆက်သွယ်ရန် (MPT ၏ Call Centre သို့ခေါ်ဆိုမေးမြန်းခြင်း၊ MPT ၏ Website နဲ့ Facebook page များကိုကြည့်ရှုခြင်းများ ပြုလုပ်နိုင်သည်) ------------------------- မှတ်ချက် : MPT အသုံးပြုသူများအားလုံး လိုတရ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့သော် CDMA အသုံးပြုသူများအတွက် ကူပွန်နှင့် လိုတရ ကံစမ်းမဲ အသုံးပြု၍မရခြင်း စသောကန့်သတ်ချက်အနည်းငယ်ရှိနိုင်သည်။ အသုံးပြုသူအားလုံး လိုတရ ၏ ပထမဆုံးစာမျက်နှာ (Home Page) ကို အသုံးပြုခြင်းအတွက် ဒေတာအသုံးပြုခ အခမဲ့ဖြစ်သည်။






























What's New

Latest Version (Download)

လိုတရ 1.0.1

Date Updated : 2017-03-08


qr-code